Best Shelter in Partnership with AHRN conducted 3-day virtual training

AHRN အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေသော Best Shelter (အရိပ်စစ်) အဖွဲ့သည် မူးယစ်ဆေးဝါးဥပဒေ၊ လူထုအခြေပြု မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေးနှင့် အိပ်ချ်အိုင်ဗွီနှင့် တီဘီရောဂါကုသရေး သင်တန်းကို ဒီဇင်ဘာလ ၉ မှ ၁၁ ရက်နေ့ထိ ၃ ရက်တာ online သင်တန်း ပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နှင့် ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ်တို့မှ ယာယီတိုက်ပွဲရှောင်စခန်းများရှိ နေရပ်စွန့်ခွာရပြည်သူများ (IDPs) များမှ ရွေးချယ်ထားသော စေတနာ့ဝန်ထမ်း (၂၉) ယောက်အပါအဝင် Camp တာဝန်ခံများနှင့် Camp နေပြည်သူများမှ ပါဝင်ဆွေးနွေးခဲ့ပါသည်။ သင်တန်းရည်ရွယ်ချက်မှာ မူးယစ်ဆေးဝါးဥပဒေ၊ ထိရောက်သော မူးယစ်ဆေးသုံးစွဲမှု တားဆီးကာကွယ်ရေးနည်းလမ်းများနှင့် မူးယစ်ဆေးစွဲရောဂါဆေးကုသခြင်း အသိပညာများဝေမျှရန်နှင့် အန္တရာယ်လျော့ပါးရေး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ပေးနိုင်ရန် ဖြစ်ပါသည်။ ယခုသင်တန်းသည် ကျန်းမာရေးဗဟုသုတများပေးရုံသာမကပဲ မိမိတို့နေထိုင်ရာ Camp များ၊ ရပ်ရွာများရှိ ပြည်သူများအား ကျွမ်းကျင်စွာ ပြန်လည်ဝေမျှနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိနိုင်ရန် AHRN ဆေးခန်းများနှင့် ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပါသည်။

တက်ရောက်လာသူများသည် တက်တက်ကြွကြွ သင်ယူကြခဲ့ကြသည့်အပြင် လက်ရှိတွေ့ကြုံနေရသော မူးယစ်ဆေးသုံးစွဲမှုနှင့် နောက်ဆက်တွဲပြဿနာများအား လူထုအခြေပြုနည်းလမ်းကောင်းများဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ရန် အတွေ့အကြုံကောင်းများနှင့် ဆန်းသစ်သောနည်းလမ်းများအား တက်ရောက်လာသူအချင်းချင်း ဝေမျှပေးခဲ့ကြပါသည်။ ယခုစီမံချက်သည် AHRN မှတဆင့် Myanmar Humanitarian Fund (MHF) မှ ငွေကြေးထောက်ပံ့ပေးထားပါသည်။ #MHF #IDP

Best Shelter in partnership with AHRN conducted a 3-day virtual training (9/11.12.2020) on Drug Policy & Law, Community-Based Drug Use Prevention and Communicable Diseases (HIV/TB) for its staff, IDP camp leaders and camp case workers from Waingmaw, Bhamo and Hpakant in Kachin and Laukkaing in Shan State. This training aims to provide key knowledge of changing drug policy, effective strategies of drug use prevention and linkage to harm reduction services. The participants will be able to apply the gained knowledge and skills to sharing with their families and camp communities. This training includes not only theoretical knowledge but also provide practical skills how to effectively deliver health information in their camps and community. In addition to this, they will support their camp communities and people living with HIV/TB infections to receive early case detection and prompt treatment through established referral network with locally available quality healthcare services such as AHRN key population service clinics. We thank our participants who actively learned and discussed the drug use issues and burden of communicable diseases and shared their experiences and innovative ideas with their fellow ones in order to promote access to effective drug treatment and HIV/TB interventions in the IDP camp community.This project is funded by Myanmar Humanitarian Fund (MHF) through AHRN.#MHF#IDP